ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူတက်ရောက်

        ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီ (၁/ ၂၀၂၄) အစည်းအဝေးကို ၃၁-၅-၂၀၂၄ ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

       အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကား ပြောကြားပြီးနောက် အတွင်းရေးမှူး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောမြေပြင်ပရှိ ဘူမိနယ်မြေ (၁၄)ခုနှင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေသုံးစွဲဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင် ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်က ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) Checklist ပါ အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆုံးဖြတ်ကြပါသည်။