ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာစာသင်ကျောင်း၌  ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား ၃၁.၅.၂၀၂၄ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်ခန့်တွင်  ကျင်းပခဲ့ပြီး  သစ်တောဦးစီးဌာနဝန်ထမ်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ စုစုပေါင်း(၂၈၈)ဦးတက်ရောက်ကာ  ၂ပေအထက် ကျွန်းပင်(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ သပြေကြီး(၅၀)ပင်၊ မယ်ဇယ်(၅၀)ပင်၊  မဟော်ဂနီ(၅၀)ပင်၊ က္ကိုလ်(၅၀)ပင်၊ ယမနေ(၅၀)ပင်၊ ကံ့‌ကော်(၅၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။