အခြေခံပညာ အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမူအဖြစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ၂၈-၅-၂၀၂၄ ရက်နေ့၊  နံနက် (၀၉:၀၀)နာရီအချိန်တွင် မတ္တရာမြို့နယ်​ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ပါသည်။

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်  ဖြေဆိုသူ (၉)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၈)ဦး နှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင်  ယှဉ်ပြိုင်သူ (၁၃)ဦး၊ စုစုပေါင်း (၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဆုများကို မတ္တရာမြို့နယ်တွင် ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။