တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်သူများအား သစ်တောပျိုးပင်များ ဖြန့်ဝေပေးခြင်း

၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ၂၈-၅-၂၀၂၄ ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ထားဝယ်မြို့အတွင်းရှိ ကြက်ဆားပြင်ရပ်ကွက်၊ ဒေါင်းငူရပ်ကွက်နှင့် ဘုမ္မော်ရပ်ကွက်ရှိ ပြည်သူများသို့  မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မဟော်ဂနီ (၁၅၀) ပင်၊ မန်ဂျန်ရှား (၁၀၀) ပင်၊ ခရေ (၅၀) ပင်၊ စိန်ပန်း (၅၀) ပင်၊ ငုဝါ (၃၀) ပင်၊ ့ကော် (၁၀) ပင်နှင့် အသောက(၃၀) ပင်၊ စုစုပေါင်းသစ်တောပျိုးပင် (၄၂၀) ပင် တို့အား ဖြန့်ဝေပေးခဲ့ပါသည်။

ပြည်သူများအား သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေယာပျက်စီးမှုအဆင့်အတန်း လျော့ကျ‌စေရန်၊ မိုးခေါင်မှုနှင့် သဲကန္တာရဖြစ်ထွန်းမှုကို တားဆီးနိုင်ရန်၊ ကာဗွန်သိုလှောင်မှုကို တိုးမြင့်စေရန်၊ ရာသီဥတု ပြောင်းလဲမှုကို လျော့ကျစေပြီး ဇီဝမျိုးစိတ်များ  မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ သစ်တော ပျိုးပင်များကို ဖြန့်ဝေပေးခြင်း ဖြစ်ပါသည်။