ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စုပေါင်းသစ်ပင်စိုက်ပျိုး

၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ်နှင့်အညီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးဝင်းအတွင်း၌ ၂၉-၅-၂၀၂၄ ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မန်ဂျန်ရှား၊ ယမနေ၊  မဟော်ဂနီ စသည့် သစ်ပင်မျိုးစုံ(၂၂၅) ပင်အား ဝန်ထမ်းများမှ စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။