ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ စုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ Bagan Plastic Champaign အဖွဲ့၊ Tharaba Gate Hotel ဝန်ထမ်းများ စုစုပေါင်းလူဦးရေ(၁၀၀)ဦးတို့ဖြင့် ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရံကြီး ဘုရားမှ ဓမ္မရာဇိကဘုရားသွားရာ လမ်းဘေးဝဲ/ယာတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း(Plastic Champaign)အား  ၂၉-၅-၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။