စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေးဟောပြောခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း​​ရေးဉီးစီးဌာနမှ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်း စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းဝန်ထမ်း (၃၀၀)ဦးအား “မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၉-၅-၂၀၂၄ ရက်နေ့၊ မွန်းလွဲ(၁၅:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

 အဆိုပါ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးနှင့်ပတ်သက်၍ လေထုညစ်ညမ်းမှုကို သတိပြုမိစေရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိရှိစေရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် လူသားများကြုံတွေ့ရနိုင် သည့်ပြသနာများကို သိရှိနားလည်စေရန်၊ မီးခိုးမြူငွေ့ဖြစ်ပေါ်နေမှုအား လျော့ချနိုင်စေရန်၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုမဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် စသည့်အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။