မန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းများဆောင်ရွက်

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုလှုပ်ရှားမှုအနေဖြင့်  မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္ထုတွင်းဦးစီးဌာန၊ ဘူမိဗေဒနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းတို့မှ အရာထမ်း၊အမှုထမ်းများ၊ သုံးတောင်ကျေးရွာ အုပ်ချုပ်ရေး အဖွဲဝင်များ၊ Burst Transmission စက်ရုံမှ ဝန်ထမ်းလုပ်သားများ စုစုပေါင်း (၁၂၅)ဦးတို့ သည် ၃၀-၅-၂၀၂၄ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး(ထင်းရှုးတော)အနီးတဝိုက် အမှိုက်ကောက်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ပါသည်။ သစ်ပင်များစိုက်ပျိုးရာတွင် ချယ်ရီ၊ စိန်ပန်းပြာ၊ ခါတော်မီ၊ စုစုပေါင်းသစ်ပင် (၁၀၀)ကို စိုက်ပျိုးခဲ့ပါသည်။