မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာနမှ၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုး ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုံးထပ် ဘုန်းတော်ကြီးကျောင်းဝင်းတွင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် ၃၀-၅-၂၀၂၄ ရက်‌​နေ့တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုး ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း(၁၀၈)ဦးတက်ရောက်ခဲ့ကြပြီး ကျွန်း(၂၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ ဖျောက်ဆိပ် (၂၀၀)ပင်၊ တပြေဘူတ(၄၀)ပင်၊ စုစုပေါင်း(၅၄၀)ပင် စိုက်ပျိုးခဲ့ကြပါသည်။