![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/IMG-a282d6e6f868c8d69142a99dd7200290-V.jpg?itok=xR294DPk)
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ၊ မြစိမ်းရောင်သာသနာ့နယ်မြေ၌ ၃၀-၅-၂၀၂၄ရက်နေ့၊ နံနက်(၈)နာရီတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဒေသခံပြည်သူများစုပေါင်း၍ လူဦးရေ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား(၆၀၀)ပင် ၊ မဟော်ဂနီ(၁၄၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ မျောက်ငို(၂၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၁၀၄၀)ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။