တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြိတ်ခရိုင်၊ မြိတ်မြို့နယ် မြိတ်တက္ကသိုလ် ၌  (၃၀.၅.၂၀၂၄) ရက်နေ့၊ နံနက်(၇:၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ကမ်းရိုးတန်း ဒေသတိုင်း‌စစ်ဌာနချုပ်တိုင်းမှူး၊ မြိတ်တက္ကသိုလ်ပါချုပ်နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြိတ်မြို့နယ်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်မှ ကျောင်းသူများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ သစ်​တောဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း(၉၀၀)ဦးတက်ရောက်ပြီး ပျဉ်းကတိုး (၂၀၃) ပင်၊ မဟော်ဂနီ (၂၀၄) ပင်၊ ပိတောက် (၃)ပင်၊ ကံ့ကော်(၅၄) ပင်၊ ခရေ(၁၅၄)ပင်၊ သင်္ကန်း(၂၀၂)ပင်၊ မန်ဂျန်ရှား(၃၉၀)ပင်၊ စုစုပေါင်း (၁၂၁၀)ပင်အား  စိုက်ပျိုးခဲ့ပါသည်။