ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲများကို ၇-၆-၂၀၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ဝင်းအတွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ လင်း​ခေးခရိုင်၊ စစ်ဗျူဟာအခြေချလင်း​ခေးတပ်နယ်၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးခမောက်ကြီးမြို့၊ တိလောကရုံစာသင်တိုက်ဘုန်းကြီးကျောင်းအတွင်း၌လည်းကောင်း၊ ၈-၆-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် တုံးရေကြိုးဝိုင်းအကွက်အမှတ်(၁၆) မွေးမြူရေးဇုန်အဝင်လမ်း၌လည်းကောင်း၊ ၁၀-၆-၂၀၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဂေါက်ကွင်းအတွင်း၌လည်းကောင်း အသီးသီးကျင်းပခဲ့ပါသည်။

မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်နယ်တပ်ရင်းမှ တပ်ဖွဲ့ဝင်နှင့်မိသားစုများ၊ ဂေါက်ကွင်းဥက္ကဋ္ဌနှင့် ဂေါက်သီးရိုက်ကစားသမားများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျွန်း၊ တမလန်း၊ ရေပိတောက်၊ မန်ဂျန်ရှား၊ ယမနေ၊ ယင်းမာ၊ ပျဉ်းမ၊​ မျောက်ငို၊ မန်ကျည်း၊​ လျှော်ဖြူ၊ ခါတော်မီ၊ စကားဝါပင်များကို စိုက်ပျိုးခဲ့ကြပါသည်။