သစ်တောဦးစီးဌာနတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စတင်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြုလွှာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

        ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြုလွှာများရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ၁၁-၆-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီများ တက်ရောက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြုလွှာ (၁၄) စောင်နှင့် ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများအား တက်ရောက်လာသူများမှ ရှင်းလင်းတင်ပြခြင်း၊ အကြံပြုဆွေးနွေး ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။