ပဲခူးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးခြင်းနှင့် ရေအရည်အသွေးတိုင်းတာဆောင်ရွက်

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးမြစ်ကမ်းဘေးရှိ သီရိဥဿာဈေးတွင် ပဲခူးမြစ်အတွင်း အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေးတို့အတွက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ၁၁-၆-၂၀၂၄ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

          ထို့နောက် မိုးယွန်ကြီးအင်း၊ ပျဉ်ပုံချောင်း၊ ဝမ်းဘဲအင်းချောင်း၊ ဘုရားကလေးချောင်းတို့၌ ရေအရည်အသွေးတိုင်းတာခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ရေနမူနာကောက်ယူခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။