ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ လေနှင့်ရေအရည်အသွေး တိုင်းတာဆောင်ရွက်

          ကရင်ပြည်နယ်၊ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်စျေးတန်းလမ်းရှိ ရေတွင်း၊ အမှတ်(၄)ရပ်ကွက် မြန်မာ့သစ်လုပ်ငန်းဝင်းရှိ ရေတွင်း၊ အမှတ်(၅)ရပ်ကွက် ဝန်ထမ်းအိမ်ရာရှိ ရေတွင်းနှင့် ရွှေယဉ်မျှော်ဘုရားအနီးတို့တွင် ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်း၊ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာသည် ကျိုင်းတုံမြို့ရှိ နောင်တုံကန်နှင့် နောင်ခမ်းကန်တို့အားလည်းကောင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ မယ်ခေါင်မြစ်၊ မယ်ဆိုင်ချောင်း၊ မယ်ခေါင်ချောင်း၊ မယ်ဟုတ်ချောင်းနှင့် ပုံးထုန်ချောင်းတို့၏ ရေအရည်အသွေးတို့အားလည်းကောင်း တိုင်းတာခဲ့ပါသည်။