မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာတို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြင်စိုင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် ၇:၃၀ နာရီအချိန်တွင် ကျင်းပရာ ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ( ၄၈၅) ဦး တက်‌ရောက်ခဲ့ကြပါသည်။

       ထို့နောက် မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများ ပူးပေါင်း၍ မိတ္ထီလာမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပါသည်။