မွန်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် အသိပညာပေးဟောပြောပွဲကျင်းပ

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်‌သော “တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကို ဆန်းစစ်စီမံခြင်း” အခမ်းအနားတွင် မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ကမ်းရိုးတန်းဒေသများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

          အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြပါသည်။