ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောကျင်းပ

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ရေချိုသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          ‌ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောင်းစာကြည့်တိုက်သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

        ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ “စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းနှင့် တစ်ခါသုံးပလတ်စတစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ရာ ကျောင်းသား / ကျောင်းသူ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။