ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ သစ်တောဦးစီးဌာန၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၏ကဝမြို့နယ် အတွင်း၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ၁၃-၆-၂၀၂၄ ရက်နေ့၊ နံနက် ၉:၁၅ နာရီ အချိန်တွင် ကဝမြို့နယ်၊ ပိုင်ကျုံကြီးကျေးရွာနှင့် ဝက်ကုန်းကျေးရွာ ကုန်ထုတ်လမ်း၌ ကျင်းပပြုလုပ်ရာ ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပိုင်ကျုံကြီးနှင့် ဝက်ကုန်ကျေးရွာရှိ ရွာသူရွာသားများ၊ ကျောင်းသားကျောင်းသူများအပါအဝင် လူဦးရေ စုစုပေါင်း(၂၃၅)ဦးတို့မှ သစ်မျိုး(၁၁)မျိုး၊ ပျိုးပင်​ပေါင်း (၂၂၀၀)ပင်အား စိုက်ပျိုးခဲ့ပါသည်။