ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးကျင်းပ

          ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ၁၅.၆.၂၀၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ဇခုန်လမ်းဘေးဝဲယာတစ်လျှောက်၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း၌လည်းကောင်း ကျင်းပရာ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ် ပြည်နယ်ဥပဒေချုပ်၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ တက္ကသိုလ်/ကောလိပ်/သင်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး (ထင်ရှူး၊ ချယ်ရီ) ဒေသသစ်မျိုးများ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မာတာကွတ်၊ စွယ်တော်၊ အာဖရိကန်ကျူးလစ်သစ်မျိုးများနှင့် ပျဉ်းကတိုး ၊ မယ်ဇလီ စသည့် အပင်စုစုပေါင်း (၂၁၂၈) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။