မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စိုက်ပျိုးထားရှိသည့်အပင်များရှင်သန်အောင်မြင်မှုအခြေအနေများကြည့်ရှု့စစ်ဆေး

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရဝဏ်ရှိ၊ ဗုဒ္ဓဥယျာဉ်တော်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သစ်တောဦးစီးဌာနမှ လစဉ်ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီ၌ စိုက်ပျိုးထားသည့် အပင်များ၏ သစ်မျိုးအလိုက် ရှင်သန်မှု၊ အပင် အမြင့် တိုးတက်မှုစသည့် အခြေအနေများအား ၁၅-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ်(၆)ကွက်ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင်ရွက်မှုအခြေအနေများကို သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးတို့မှ ကြည့်ရှု့စစ်ဆေးခဲ့သည်။