ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့တို့တွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းတို့ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မိန်းမလှကျွန်းကျေးရွာ၌ ၁၈-၆-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင်  ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းတွင် ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “လူငယ်နှင့်ပတ်ဝန်းကျင်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ထင်းရှူးတောင်၌ လားရှိုးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိူးပွဲကျင်းပရာ ကျွန်း၊ ပိတောက်၊ ထင်းရှူး၊ ကံ့ကော်၊ ခရေ ပျိုးပင်စုစုပေါင်း ၁၅၀ ကိုစိုက်ပျိုးခဲ့ပြီး ရေချွေတာသုံးစွဲရေးနှင့် တောင်ယာခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။