စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်သစ်တောဦးစီးဌာနမှ ရေဦးမြို့၊ အ.ထ.က(၁)ကျောင်းဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်သစ်တောဦးစီးဌာနမှ  ရေဦးမြို့၊ အ.ထ.က(၁) ကျောင်းဝင်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ၁၇.၆.၂၀၂၄ ရက်နေ့၊ နံနက် ၈း၃၀ နာရီအချိန်တွင် ကျင်းပရာ သစ်ပင်စိုက်ပျိုးပွဲသို့ ရေဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြပြီး အမြင့် (၂) ပေအထက်ရှိသော ကျွန်း၊ ခရေ၊ စုစုပေါင်း (၂၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။