ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြောက်နဝင်းရွာသစ်ကြီးကျေးရွာတောင်ဘက်တွင် ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက သစ်ပင်စိုက်ပျိုးပွဲကျင်းပ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်သစ်တောဦးစီးဌာနမှ ၁၈-၆-၂၀၂၄ ရက်နေ့ နံနက် ၇း၄၅ နာရီအချိန်တွင် မြောက်နဝင်းရွာသစ်ကြီးကျေးရွာတောင်ဘက်၌ ကျေးရွာထင်းစိုက်ခင်း တစ်ရွာ (၂) ဧက သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ မြောက်နဝင်းရွာသစ်ကြီး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်းအင်အား (၃၀၀) ဦးတို့ တက်ရောက်ကြပြီး မန်ဂျန်ရှာ၊ မယ်ဇလီ (၂၄၂၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          ထို့နောက် ပြည်မြို့မွေးမြူရေးဇုန်အတွင်း သီးပင်စားပင်နှင့် အရိပ်ရအပင် (၁၅၀၀) ပင်အား ဖြန့်ဝေပေးခဲ့သည်။