ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တို့တွင် ၂၀၂၄ ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကျင်းပ

            ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တို့တွင် ၂၀၂၄ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ၁၈.၆.၂၀၂၄ ရက်နေ့တွင် အသီးသီးကျင်းပခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာပင်အိုင်၏ကျေးရွာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၀၃) မိုင် (၆) ဖာလုံအနီးတွင်ကျင်းပရာ သစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ၊ ကြာအင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၀၈) ဦးတို့တက်ရောက်ကြပြီး  ကျွန်း၊ မန်ဂျန်ရှားနှင့် သီးပင်စားပင်များဖြစ်သည့် ကျွဲကော၊ ပိန္နဲ၊ သရက် စုစုပေါင်း (၁၅၅၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (ဒုတိယအကြိမ်) ကျင်းပရာ ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ပြီး အမြင့် (၂) ပေနှင့်အထက်ပျိုးပင် မန်ဂျန်ရှား၊ ပျဥ်းမ စုစုပေါင်း (၁၂၀၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။