သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ CF Unit ၁/ ၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကျင်းပ

    သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ CF Unit ၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကို ၁၉-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၊ နေပြည်တော်၌ကျင်းပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးရုံးချုပ် CF Unit အဖွဲ့ဝင်ညွှန်ကြားရေးမှူးများနှင့် CF Unit အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    အစည်းအဝေးတွင် ဒေသခံပြည်သူ့အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း၏ ၅/၂၀၂၃ ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အပေါ်ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် မိုးရာသီ) ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတိုးတက်မှု၊ ဦးစီးရုံးချုပ် CF Unit ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ၊ Community Forest Based Tourism(CBT)လုပ်ထုံးလုပ်နည်းဖော်ထုတ်မှုအခြေအနေ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။