ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်များကျင်းပ

   ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ၂၀.၆.၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအုပ်စု၊ လူငယ်သင်တန်းကျောင်း၌လည်းကောင်း၊ ၂၁-၆-၂၀၂၄ ရက်နေ့တွင်ထန်းတပင်မြို့နယ် ကျောင်းကုန်း ကျေးရွာ၌လည်းကောင်း၊ ၂၂-၆-၂၀၂၄ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌လည်းကောင်း အသီးသီးကျင်းပကြသည်။

   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ထိုင်ဝမ်ဘန်ဒါ၊ မန်ဂျန်ရှား၊ မအူ၊ ပျဉ်းမ၊ ပျဉ်းကတိုး၊ စိန်ပန်းပျိုးပင်များကို စိုက်ပျိုးခဲ့ကြသည်။