စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်၂၀၂၄ ခုနှစ်၊ မိုးရာသီစု‌ပေါင်း သစ်ပင်စိုက်ပျိုးပွဲများကျင်းပ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အေးသာယာကျေးရွာတောင်ဘက် သစ်ချောက်မိုင်း ကြိုးဝိုင်းအတွင်း၌ တစ်ရွာ(၂)ဧကစိုက်ခင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၁.၆.၂၀၂၄ ရက်နေ့တွင် ကျင်းပရာ ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ၊ အေးသာယာကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပြီး မဲဇလီ၊ တမာ၊ စုစုပေါင်း (၂၄၂၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

   မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ်(၁၄)၊ ပြင်ဦးလွင်မြို့ ရှောင်လမ်း၊ မိုင်တိုင်အမှတ်(၈/၆)အနီး၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်အား ၂၂-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊  ဒေသခံပြည်သူများနှင့် ခရိုင်/ မြို့နယ်သစ်တောဝန်ထမ်းများ တက်ရောက်ကြပြီး ချယ်ရီပျိုးပင် စုစုပေါင်း (၉၁၄)ပင်အား စိုက်ပျိုးခဲ့ကြသည်။

   ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်​တောဦးစီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ​တော်အား ဒိုက်ဦးမြို့နယ်၊ ဘိုင်းဒါးတည်ဆောက်ရေးဝန်း၌ ၂၀-၆-၂၀၂၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်​ရေးမှူး၊ ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ များတက်ရောက်ကြပြီး   ကျွန်း၊ ကံ့ကော်၊ ခရေ၊ စိန်ပန်းကြီး၊ ပိတောက်၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယမနေ စုစုပေါင်း  သစ်ပင်(၁၂၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။