ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

    ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ၂၂-၆-၂၀၂၄ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အသီးသီးကျင်းပခဲ့ကြသည်။

   ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ တတိယအကြိမ်ပြည်နယ်အဆင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊   ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြစ်ကြီးနားတက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များဖြင့် အင်အား(၈၀၀)ဦးခန့် တက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ ပိတောက်၊ ယင်းမာ၊ စကားဝါ၊ ရေပိတောက်၊ မန်ဂျန်ရှား၊ မအူ၊ ခရေ၊ ယမနေ၊ စုစုပေါင်း ပျိုးပင်(၁၂၁၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။

   မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်းကျေးရွာအနီး မလတ်တောင်ခြေမြေနေရာ၌  ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၄၃၀)ဦး တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှားပျိုးပင် (၂၄၂၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။