ရှမ်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပ

   ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မိတ္ထီလာ-ကျိုင်းတုံ-တာချီလိတ်ကားလမ်းမ၏မြောက်ဘက်၊ မိုင်တိုင်အမှတ်(၁၂၉/၆)နှင့် (၁၂၉/၇) အကြား တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံအတွင်း၌  ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ၂၂-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ရှမ်းပြည်နယ်၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသင်တန်းသားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ကြပြီး ခါတော်မီ၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ပိတောက်၊ ပြည်လုံးချမ်းသာနှင့်မဟော်ဂနီ၊ စုစုပေါင်း (၁၅၀၃)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

   ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်၊ ငါးပင်ကျေးရွာသွား လမ်းအနီး၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၂-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ  ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်၊ ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တပ်ရင်းတပ်ဖွဲ့ တပ်ရင်းမှူး များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီးကျွန်း၊ စိန်ပန်းပြာ၊ မျောက်ငို ၊ အော်ရီးရှား၊ ခါတော်မီ၊ စုစုပေါင်း(၂,၀၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။