သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန (KFS) တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “ကိုရီးယား-မြန်မာ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း (FD-KFS REDD+ Project)” အစီအစဉ်ဖြင့် “ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်းထုတ်လုပ်ခြင်းသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို ၂၄.၆.၂၀၂၄ ရက်နေ့ နံနက် ၈:၀၀ နာရီတွင် ရေဆင်း၊ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများတက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၇.၆.၂၀၂၄ ရက်နေ့မှ ၂၄.၆.၂၀၂၄ ရက်နေ့အထိ (၈) ရက်ကြာ ဖွင့်လှစ်ခဲ့ရာပြည်သူသင်တန်းသား/သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့သည်။