၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကျွန်းနှင့်သစ်မာများ ပြည်ပသို့တင်ပို့မှု လျောနည်းခဲ့ရခြင်းနှင့်ပတ်သက်၍ ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရေး ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကျွန်းနှင့်သစ်မာများ ပြည်ပသို့တင်ပို့မှုလျော့နည်းခဲ့ရခြင်းနှင့်ပတ်သက်၍ ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရေး ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ကြို့ကုန်းသစ်တောဝန်း၊ တော်ဝင်ခန်းမ၌ ၂၁-၆-၂၀၂၄ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီတွင် ကျင်းပသည်။

ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာနညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများ၊ ပြည်ပပို့ကုမ္ပဏီ(၃၇)ခုမှ လုပ်ငန်းရှင်(၄၇)ဦး၊ စုစုပေါင်းအင်အား(၇၀)ဦး တက်ရောက်ခဲ့ကြပြီး ပြည်ပတင်ပို့ခြင်းလုပ်ငန်း၌ကြုံတွေ့ရသောအခက်အခဲများ၊ ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ အကြံပြုတင်ပြလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။