စစ်ကိုင်းတိုင်းဒေသသကြီးတွင် ကျောင်းစာကြည်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

       စစ်ကိုင်းတိုင်းဒေသသကြီး၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို  ၂၄-၆-၂၀၂၄ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။

          အဆိုပါ ပွဲတော်တွင် စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးပြခန်းဖွင့်လှစ်၍ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးနှင့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းသိမ်း လျှော့ချမည့် နည်းလမ်းများ၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခြင်း၊ Campaigns လှုပ်ရှားမှုများ၊ အသိပညာပေးဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ မှတ်တမ်းဓာတ်ပုံများအား stand board ဖြင့် ပြသခြင်း၊ အသိပညာပေး video clip ပြသခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာအုပ်များခင်းကျင်းပြသခြင်း၊ အရည်အသွေးတိုင်းတာရေး ကိရိယာများ ခင်းကျင်းပြသခြင်း၊ အမှိုက်ခွဲခြားစွန့်ပစ်မှုနှင့်ပတ်သက်၍ သရုပ်ပြခြင်းများ ဆောင်ရွက် ထားရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ ပြခန်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။