မကွေးတိုင်းဒေသကြီးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ တောင်တွင်းကြီးမြို့နယ်နှင့် ချောက်မြို့နယ်တို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊  စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး လှုပ်ရှားမှု (Monday Stop) ကို ခရိုင်၊ မြို့နယ်များရှိ “မြို့မစျေး” ၊ “ကန်သာဈေး” နှင့် “မင်္ဂလာဈေး” များ၌ ၂၄-၆-၂၀၂၄ ရက်နေ့၊ နံနက် ၈:၃၀ တွင် ဆောင်ရွက်ခဲ့ရာ ဈေးရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများ အသုံးပြုခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့သည်။

     ထို့နောက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဥယျာဉ်ကျစ် ကျေးရွာရှိ ရွှေမြင့်မိုရ်စံ ဆန်စက် ဝန်ထမ်းများအား “Bio Gasifier အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး၊ “ရေချွေတာသုံးစွဲရေး” အသိပညာပေးလက်ကမ်းစာစောင် များအား ဖြန့်ဝေ‌ဆောင်ရွက်ခဲ့သည်။