ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အကြိုအထိမ်းအမှတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

        ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အကြို အထိမ်းအမှတ်လှုပ်ရှားမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင် ၊ မကွေးတိုင်းဒေသကြီး၊ ၊ စစ်ကိုင်း တိုင်းဒေသကြီး ကလေးခရိုင် ၊ ကရင်ပြည်နယ် ဘားအံမြို့နယ်များရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ “အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေးအလေးထား ဆောင်ရွက်ပေး (Temperature Matters... absolutely)”ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာ ပေး Talk Show အစီအစဉ်အား ၂၄-၆-၂၀၂၄ ရက်နေ့တွင် ဆောင်ရွက်ခဲ့သည်။     

          အဆိုပါနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သည် ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား “အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေး၊ အလေးထားဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောခဲ့ပြီး “အအေးပေးပစ္စည်းများအကြောင်း သိကောင်းစရာ" နှင့် “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနသည် တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် တန်းကျောင်းနှင့်ပူးပေါင်း၍ “အပူချိန်ထိန်းညှိနည်းပညာ တိုးတက်ရေးအလေးထားဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာန သည် ဘားအံမြို့၊ အ.ထ.က(အိန္ဒု)၌ “အအေးပေးပစ္စည်းများ အသုံးပြုခြင်းကြောင့် လေထုညစ်ညမ်း လာရခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊​တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်ငူမြို့အတွင်းရှိ အ​အေး​ပေးပစ္စည်းအ​ရောင်းဆိုင်များသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။