သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ "နိုင်ငံတော်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာသုတေသနနှင့် တီထွင်ဆန်းသစ်မှုအခန်း ကဏ္ဍ"ခေါင်းစဉ်ဖြင့်စာတမ်းဖတ်ကြား

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံအား ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှ (၂၇) ရက်နေ့ထိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-II)၌ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၆.၆.၂၀၂၄ရက်နေ့တွင် ညီလာခံ၏ဆောင်ပုဒ်များနှင့်အညီ လူငယ်များအသိအမြင်ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များ ပေါ်ထွန်းလာ စေရေးအတွက် (Parallel Session) ဆွေးနွေးမှုအစီအစဉ် (၆)ရပ်ဖြင့်ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါ ဆွေးနွေးမှုအစီအစဥ်(၆)ရပ်အနက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုကဏ္ဍ-Parallel Session(5)တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပသည့်ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ "နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တော နှင့်ပတ်ဝန်းကျင်ဆိုင်ရာသုတေသနနှင့် တီထွင်ဆန်းသစ်မှု အခန်းကဏ္ဍ" ခေါင်းစဉ် ဖြင့် စာတမ်းဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းအကြံပြုချက်များအပေါ်  ပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့သည်။