၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်းသို့ ကျောင်းသား၊ကျောင်းသူများနှင့်ဌာနဆိုင်ရာအရာထမ်း၊အမှုထမ်းများဝင်ရောက်လေ့လာ

  ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံအား ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှ(၂၇)ရက်နေ့ထိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-II)၌ ကျင်းပ ဆောင်ရွက်လျက်ရှိရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့ ပူးပေါင်း ခင်းကျင်းပြသထားသောပြခန်းများသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာအရာထမ်း၊အမှုထမ်းများ ဝင်ရောက်လေ့လာခဲ့ကြသည်။ ပြခန်းအတွင်း သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Game Play အစီအစဉ်များ ထည့်သွင်းပြသဆောင်ရွက်လျက်ရှိသည်။