ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကျင်းပ

    မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ၂၆-၆-၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် အသီးသီးကျင်းပခဲ့ကြသည်။

   ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ နောင်ဆံဗတ်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၏ မြောက်ဘက်တွင် ကျင်းပသော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများတက်ရောက်ကြပြီး ခါတော်မီ၊ ကျွန်း၊ စိန်ပန်းနီ၊ အာဖရီကန်ကျူးလစ်၊ ကုက္ကို၊ ထင်းရှူး စုစုပေါင်း(၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

   ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၂)ရပ်ကွက်၊ ကြား တောရဘုန်းတော်ကြီးကျောင်း၊ အနန္တ ဂုဏ်ရည်မြစေတီအနီးတွင်ကျင်းပသော  သစ်ပင်စိုက်ပျိုးပွဲသို့ ညောင်လေးပင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်  အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၉၇)ဦးတို့က (၂)ပေအထက်ရှိသော ကျွန်း ၊ ခရေ၊ မန်ဂျန်ရှား၊ ယူကလစ်  စုစုပေါင်းစိုက်ပျိုးပင်(၅၀၀)တို့ကို စိုက်ပျိုးခဲ့ကြသည်။

   ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ကျိုက်ပါဒကြီး​ဆံ​တော်ရှင်​စေတီ​တော် ဘုရားဝင်းအတွင်း၌ကျင်းပသော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ သစ်​တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ ​​မိခင်နှင့်​က​လေးစောင့်​ရှောက်​ရေးအဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်​ကျေးအဖွဲ့ဝင်များနှင့်​ဒေသခံပြည်သူများ တက်ရောက်ကြပြီး  ခ​ရေ၊ ပျဥ်းကတိုး၊ မ​ဟော်ဂနီပင်များကို   စုပေါင်းစိုက်ပျိုးခဲ့သည်။