၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းရေးဆွဲရေးပင်မအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၇-၆-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်း တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း ရေးဆွဲရေး ပင်မအဖွဲ့ဥက္ကဌ၊ ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲရေး ပင်မအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများမှ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေး ဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။