၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရငွေ သစ်တောထွက်ပစ္စည်းထုတ်လုပ်မှု GDP တိုးတက် မှုနှင့် လျာထားချက်ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

     သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အစည်းအဝေးကို သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ၂၇-၆-၂၀၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင်ကျင်းပရာ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများမှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

     အစည်းအဝေးတွင် ပြည်နယ်/တိုင်းဒေသကြီးနှင့် နေပြည်တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်အတွင်း ရငွေနှင့် သစ်တောထွက်ပစ္စည်းထုတ်လုပ်မှု၊ GDP တိုးတက်မှု၊ သစ်တောလုပ်ငန်းလျာထားချက် များဆောင်ရွက်ပြီးစီးမှုနှင့် ဒုတိယ(၃)လပတ်လျာထားချက်အပေါ် လအလိုက်ဆောင်ရွက်မည့်အစီအမံများကို  ဦးစီးရုံးချုပ်၊ ညွှန်ကြားရေးမှူးများမှ ဌာနအလိုက် ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။