သစ်တောသင်တန်းကျောင်းများအတွက် ဖျက်ပိုးနှင့် ရောဂါစီမံအုပ်ချုပ်ခြင်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက် တတ်သည့် ဖျက်ပိုးနှင့်ရောဂါများအား ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းခြင်းနည်း လမ်းများဖြင့် စီမံအုပ်ချုပ်ခြင်းစီမံကိန်း၏ပံ့ပိုးမှုဖြင့် “သစ်တောသင်တန်းကျောင်း များအတွက်ဖျက်ပိုးနှင့် ရောဂါစီမံအုပ်ချုပ်ခြင်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို  သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ၂၈-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းမှတာဝန်ရှိသူများ၊ တက္ကသိုလ်ဆရာ/ဆရာမများ  တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံသစ်တောကျောင်းနှင့် CFDTC သင်တန်းကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများအဆင့်မြှင့်တင်ရေးအတွက် တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။