ရှမ်းပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော် အခမ်းအနားများကျင်းပ

၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အသီးသီးကျင်းပခဲ့ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လွယ်ငူးကြိုးဝိုင်း၊ ရေကန် တောင်၊ကန်အမှတ်(၄/၅)အနီး၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ၂၇.၆.၂၀၂၄ ရက်နေ့တွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာမိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များ၊‌ ဒေသခံပြည်သူများ၊ ကြက်ခြေနီအသင်း၊ သစ်လုပ်ငန်းရှင်များအသင်း၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး  မန်ဂျန်ရှား၊ မဲဇလီ၊ ရေသင်းဝင်၊ စိန်ပန်းပြာ၊ သင်္ဘောတယ်၊ ခါတော်မှီ၊ ယမနေ၊ ချယ်ရီ၊ ခရေ စုစုပေါင်း(၁၁၀၀)ပင် စိုက်ပျိုးခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာန၊  လမ်းအထူးအဖွဲ့-၅ တို့ပူးပေါင်း၍  မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို လွိုင်လင်မြို့အထွက် ပင်လုံကွန်ပျူတာ တက္ကသိုလ်မျက်နှာစာနေရာ၌ ၂၈.၆.၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ပင်လုံကွန်ပျူတာတက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး ချယ်ရီ၊ စိန်ပန်းပြာ စုစုပေါင်း(၂၅၀)ပင်ကို စိုက်ပျိုးခဲ့သည်။

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ​တော်ကို ၂၇-၆-၂၀၂၄ ရက်​နေ့တွင် ​ဝေါမြို့နယ်၊ ပြွန်စု​ကျေးရွာ၊ မူလတန်း(လွန်)​ကျောင်း၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမနှင့်​ ကျောင်းသား/​ကျောင်းသူများ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး ပျဥ်းကတိုး၊ ပိ​တောက်၊ ပျဥ်းမ၊ ​​ယေမ​နေ၊ သ​ပြေကြီး ၊ မန်ဂျန်ရှား၊ ခ​ရေ၊ ကံ့ကော်၊ ငု​ရွှေဝါ၊ စိန်ပန်းကြီး၊ တ​ပေဘူတ၊ အာစီယံသ​ပြေပင်များကို စိုက်ပျိုးခဲ့သည်။