မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

     ၂၀၂၄ ခုနှစ်၊ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အသီးသီးကျင်းပကြသည်။

    မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နည်းပညာတက္ကသိုလ်ဝင်းအတွင်း၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၉-၆-၂၀၂၄ရက်နေ့တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးတရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများနှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ခရေ၊ ရင်းမာ၊ မဟော်ဂနီ၊ ငုရွှေဝါ၊ စိန်ပန်း၊ မယ်ဇယ်၊ မဲဇလီစသည့် သစ်မျိုး(၁၁)မျိုးနှင့် စုစုပေါင်း (၆၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တက္ကသိုလ်၌ မိုးရာသီခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို  ၃၀-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ပါမောက္ခချုပ်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ သစ်တောဝန်ထမ်းများနှင့် ဒေသခံပြည်သူများတက်ရောက်ကြပြီး ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ငုရွှေဝါ၊ မန်ဂျန်ရှား စုစုပေါင်း(၆၀၀)ပင်အား စိုက်ပျိုးခဲ့ကြသည်။