“စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် တည်ထောင်သည့် သစ်မျိုးစုံစိုက်ခင်း (၈)ဧကတွင် ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

   ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ် (၁)၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉/၁ နှင့် ၆၉/၂ ကြားတွင် သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Operation-AFoCO)တို့  ပူးပေါင်းဆောင်ရွက်သည့် “စံပြသစ်တောများတည်ထောင်ခြင်းစီမံကိန်း(FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် တည်ထောင်သည့်သစ်မျိုးစုံစိုက်ခင်း(၈)ဧက၌  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ၂၉.၆.၂၀၂၄ ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင်ကျင်းပခဲ့သည်။

   သစ်ပင်စိုက်ပျိုးပွဲတော်သို သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ နယ်မြေခံ သစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း၊ ယမနေ၊ ကညင်နီ၊ မဟော်ဂနီ ၊ သပြေကြီး၊ မန်ဂျန်ရှား စုစုပေါင်း (၄၀၂၃)ပင်အား စိုက်ပျိုးခဲ့ကြသည်။