မင်းလှမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD- KFS REDD+စီမံကိန်းမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်  FD-KFS REDD+ စီမံကိန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရွှေဝါမြိုင်ပျိုးဥယျာဉ်၌ ၃၀-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ ယမနေ၊ သရက်၊ ပိန္နဲ၊ မာလကာ စုစုပေါင်း(၁၇၉၃)ပင်တို့အား စိုက်ပျိုးခဲ့ကြသည်။