FD- KFS REDD+စီမံကိန်းမှ ဖွင့်လှစ်သော "တရားမဝင်သစ်လျော့နည်း ပပျောက်ရေးနှင့် CMRS အားကောင်းလာစေရေး စွမ်းဆောင်ရည်မြင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၁)နှင့် (၂) " ဖွင့်လှစ်

ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် FD- KFS  REDD+စီမံကိန်းနှင့် သစ်တောဉီးစီးဌာန၊ စစ်ဆေးရေးဌာနတို့ ပူးပေါင်း ၍  "တရားမဝင်သစ် လျော့နည်းပပျောက်ရေးနှင့် CMRS အားကောင်းလာစေရေးစွမ်းဆောင်ရည်မြင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၁)ကို ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ၂၂.၆.၂၀၂၄ ရက်နေ့မှ ၂၄.၆.၂၀၂၄ ရက်နေ့အထိလည်းကောင်၊ သင်တန်းအမှတ်စဉ်(၂)"ကို သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ၂၉.၆.၂၀၂၄ ရက်နေ့မှ ၁.၇.၂၀၂၄ ရက်နေ့အထိလည်းကောင်းဖွင့်လှစ်ခဲ့ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းအမှတ်စဉ်(၁)သို့ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်မှ တောအုပ်ကြီးနှင့် တောအုပ်သင်တန်းသား(၂၀)ဦး ၊ သင်တန်းအမှတ်စဉ်(၂)သို့  သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့မှ တောအုပ်ကြီး နှင့် တောအုပ်သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြသည်။