စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများ အသီးသီးကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇူလိုင်လ(၃)ရက်နေ့၌ ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို အသီးသီးကျင်းပကြသည်။

         စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်-ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းတံတားချဉ်း ကပ်လမ်းဘေးတွင် သစ်တောဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ၂.၇.၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီတွင် ကျင်းပရာ တိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင်မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ(၄၈၅)ဦး တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်း၊ စိန်ပန်း၊ မျောက်ငို၊ မန်ဂျန်ရှား စုစုပေါင်း (၄၀၀) ပင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဂုံမင်းကျေးရွာ၊ တောရဘုန်းကြီးကျောင်းဝင်းအတွင်း သစ်တောဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ၂-၇-၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား၊ မဟော်ဂနီ၊ ကျွန်း၊ ကံကော်၊ ခရေ၊ တပေပူတ စုစုပေါင်း (၁၈၃) ပင်အား သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့ကြသည်။

         ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ၃-မိုင်မြို့သစ်၊ ခရေလမ်း (ဆေရုံဝန်းအနီး)တွင် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပွဲကို ၂.၇.၂၀၂၄ ရက်​နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ NGOsများ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၃၀)ဦး တက်ရောက်ခဲ့ကြပြီး ပိတောက်၊ ခရေ၊ မဟော်ဂနီ၊ ငု‌ရွှေဝါ၊ မန်ဂျန်ရှား စုစုပေါင်းအပင် (၅၀၀)ပင်အား ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။