သစ်တောဦးစီးရုံးချုပ် Settlement Unit အစည်းအဝေးအမှတ်စဉ် ၂/ ၂၀၂၄ ကျင်းပ

   သစ်တောဦးစီးရုံးချုပ်၏ Settlement Unit အစည်းအဝေးအမှတ်စဉ် ၂/၂၀၂၄ ကို     ၂-၇-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူး များ၊ ဦးစီးရုံးချုပ် Settlement Unit အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်နယ်/တိုင်းဒေ သကြီး Settlement Unit ဥက္ကဋ္ဌများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

   ထို့နောက် အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများ၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများတိုးချဲ့ဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေတိုးချဲ့သတ်မှတ်ခြင်းအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို Settlement Unit ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေး ခဲ့ကြသည်။