မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ နယ်အတွင်း ကွင်းဆင်းအချက်အလက်ကောက်ယူခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်းသည် ဘူမိပမာဏနှင့်အမှတ်(၂)မြေတိုင်းဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အတူ UTM မြေပုံများ မြေပုံ-မြေပြင်ကွဲလွဲမှုမရှိစေရေး Map Update ပြုလုပ်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ကွင်းဆင်းအချက်အလက်ကောက်ယူနေမှုအခြေအနေများကို ၃-၇-၂၀၂၄ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့သည်။