မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း ကွင်းဆင်း အချက်အလက်ကောက်ယူနေမှု အခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေး

မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်းသည် ဘူမိပမာဏနှင့်အမှတ်(၂) မြေတိုင်းဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အတူ UTM မြေပုံများ မြေပုံ-မြေပြင်ကွဲလွဲမှုမရှိစေရေး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ချောင်းသာမြို့နှင့် သာပေါင်းမြို့နယ်အတွင်း ကွင်းဆင်းအချက်အလက်ကောက်ယူနေမှုလုပ်ငန်းများကို ၄-၇-၂၀၂၄ ရက်နေ့ တွင် သွားရောက်စစ်ဆေးခဲ့သည်။